တန်ဖိုးကြီး သိန်းရာကျော်တန်ကားကြီးကို သူရဲ့ ပရဟိတအသင်းအတွက်လှူဒါန်းပေးလိုက်တဲ့ မိသားစုလေးကြောင့် အတိုင်းမသိဝမ်းသာနေတဲ့ ဒိန်းဒေါင်




zawgyi

ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒိန်းဒေါင်က ယနေ့အချိန်အထိ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတဲ့ ဒိန်းဒေါင်က အားလုံးကြားမှာ အမြဲတမ်း လူချစ် လူခင်ပေါများလို့နေတာပဲ ဖြစ်ပါတယ် ။

နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။လူရွှင်တော်မှတစ်ဆင့် သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်လာခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ဒိန်းဒေါင်ဟာ ဟာသဘက်တွင်သာမက ဒရမ်မာ ရုပ်ဇာတ်တွေကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင် တစ်ဦးပဲ ဖြစ်ပါတယ်။

သူကတော့အခုဆိုရင် အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင် တစ်တပ်တစ်အားပါဝင်ကူညီလုပ်ကိုင်နေတာတွေ့ရပါတယ် ။အခုမှာတော့ သူရဲ့ ပရဟိတအသင်းအတွက် သိန်း နှစ်ရာတန်ကားကြီးကို လှူဒါန်းပေးခဲ့တဲ့ မိသားစုလေးကြောင့် ကြည်နူးပီတိဖြစ်နေရကြောင်းဖေ့ဘွတ်စာမျက်နှာထက်မှာဖော်ပြခဲ့ပါတယ် ။ပရိသတ်ကြီးလည်း ထပ်တူဝမ်းသာပီတိဖြစ်ရအောင် မျှဝေပေးလိုက်ပါရစေနော် ။