စိတ်ထားမွန်မြတ်လိုက်တာဗျာ အရမ်းကို လေးစားဖို့ ကောင်းလွန်းပါတယ်




နနျးတောျရာလူငယျ၊ ဘုရားကွီးလူငယျ၊ ဟိန်ဒူဗုဒ်ဓဘာသာလူငယျ၊ သုခမြိုးဆကျသဈ၊ အနှိုငျးမဲ့မတေ်တာ၊ ညီညှတျခွငျး၊ သုခါဝတ၊ တှဲလကျမြား၊ သုဘလူမှုကူညီရေး၊ ဒိုကျဦးနှလုံးသား၊ သကနြှယျလူမှုကူညီရေး၊ မာတလိ၊


zawgyi

ကိုဗစ် -၁၉ လူနာတင်ကားများအား ကားတာယာများတပ်ဆင်လှူဒါန်းပေး

ပဲခူးမြို့ရှိ ဦးနာသန်ကားတာယာနှင့်ဘက္ထရီ ရောင်းဝယ်ရေး ဆိုင်တွင် အောက်တိုဘာ ၁၇ရက်နံနက် ၉နာရီအချိန်ကUnited Tyre Group (UTG)Co.,Ltd မွ ဟံသာဝတီ လူမှုကယ်ဆယ်ရေးအဖွဲ့သို့ လှူဒါန်းထားသည့် WESTLAKE ကားတာယာများအားကိုဗစ်-၁၉ရောဂါ

လူနာသယ်ဆောင် ပေးလျက်ရှိသော လူနာတင်ကားများကို ပြန်လည်တပ်ဆင် လှူဒါန်းပေးခြင်း အခမ်းအနား ကျင်းပခဲ့သည်။အခမ်းအနားသို့ တက်ရောက်လာကြသည့် ဟံသာဝတီအဖွဲ့ဝင်အသင်းများနှင့် မိတ်ဖက်အသင်းများ ဖြစ်သည့် ဆရာတော်ဦးကိတ္တိ၊

နန်းတော်ရာလူငယ်၊ ဘုရားကြီးလူငယ်၊ ဟိန္ဒူဗုဒ္ဓဘာသာလူငယ်၊ သုခမျိုးဆက်သစ်၊ အနှိုင်းမဲ့မေတ္တာ၊ ညီညွတ်ခြင်း၊ သုခါဝတ၊ တွဲလက်များ၊ သုဘလူမှုကူညီရေး၊ ဒိုက်ဦးနှလုံးသား၊ သကျနွယ်လူမှုကူညီရေး၊ မာတလိ၊

ကလျာဏမိတ္တ၊အလင်းရောင်(ကွင်းဆိပ်)၊ စေတနာရှင် (သက္ကလ)၊ ဖြူစင်မေတ္တာ၊ ဒိုက်ဦး စသည့်အသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါလူနာ သယ်ဆောင်ပေးလျက်ရှိသော လူနာတင်ကား (၂၀) စီးကို (၁) စီးလျှင် WESTLAKE ကားတာယာ (၂) လုံးနှုန်းဖြင့် ပြန်လည် တပ်ဆင်လှူဒါန်းပေးကြကြောင်း သတင်းရရှိသည်။