ဗုဒ္ဓဘာသာကို တခြားဘာသာတေနဲ့ တန်းတူယှဥ်ထားသင့်သလား












zawgyi

မဌကုဏ္ဍလီ သူဌေးသားဟာ သေခါနီး ဘုရားရှင်ကို ဖူးမင်ယုံလေးနဲ့ သေတော့ နတ်ပြည်ရောက်သွားခဲ့တယ်

၅၅နှစ်လူသတ်ခဲ့တဲ့မုဆိုးကြီးဟာသေခါနီးငရဲနိမိတ်တွေထင်နေတဲ့အချိန် မှာ ရဟန်းတပါးရဲ့ သီလပေးမူ့ကြောင့် သရဏဂုံ တည်ပြီးတာနဲ့အသက်ထွက်သွားတာ သေတော့ နတ်ပြည်ရောက်သွားတယ်

လင်းနို့ငါးရာဟာ ရဟန်းတပါးရဲ့ ပဌာန်းတရားရွတ်ဖတ် တာတာကိုနာယူခဲ့ကြလို့ သေတော့ နတ်ပြည်ရောက်ကြပြီး အဲဒီကောင်းမူ့ကြောက့်ပဲ အခုဂေါတမဘုရားရှင်သာသနာမှာ အရှင်သာရိပုတာရဲ့တပည့်ငါးရာဖြစ်ပြီး ရဟန္တာကြီးတွေ ဖြစ်ကုန်ကြတယ် တိရစ္ဆာန်ဘဝနဲ့ တရားနာယူတာတောင် အဲဒီလောက်ထိ အကျိုးပေးကြီးကျယ်လှပါတယ်

ဘုရားရှင်တရားဟောနေတဲ့အချိန်မှာ တရားနာနေတဲ့ ဖားလေးတကောင်ဟာ နွားကျောင်းသားတုတ်နဲ့ထောက်မိပြီးသေတော့ နတ်ပြည်ရောက်သွားတယ်

တရားရဲ့အဓိပ္ပါယ်ကို မသိပဲ တရားနာတာတောင် တရားရဲ့ကုသိုလ်အကျိုးပေးက အဲဒီလောက်အထိ ကြီးကျယ်ခမ်းနားမူ့ကို ပေးစွမ်းနိုင်ပါတယ်

သူများအလှူ ပွဲမှာ အမျှပေးလို့ သာဓု ခေါ်ဆိုယုံလေး နဲ့တင်နတ်ပြည်ရောက်နေတဲ့ နတ်သားတွေ အများကြီးရှိပါတယ်သောက်တော်ရေတခွက်လှူယုံပန်းတပွင့်ကပ်ယုံ သရဏဂုံတည်ယုံသာဓုခေါ်ယုံနဲ့နတ်ပြည်ရောက်ပြီး
နတိသားနတ်သမီးဖြစ်သွားတာတွေ အများကြီးရှိပါတယ်

ကျွန်တော်တို့ နေ့စဉ်လုပ်နေကျဗုဒ္ဓဘာသာတွေရဲ့ ကုသိုလ်တွေဟာနောင်တချိန်မှာ အကျိုးတွေ ဘယ်လောက်ထိ ရနိုင်မလဲ စဉ်းစားကြည့်ကြပေါ့

ဘာ့ကြောင့်အဲဒီလောက်ထိ အကျိုးပေးကြီးတာလည်းဆိုတော့ဗုဒ္ဓက သတ္တဝါတွေအတွက် ပေးဆပ်ခဲ့တဲ့ လေးအသခင်ျေ ကမ္ဘာတသိန်းဆိုတာ သူမတူအောင် ပေးဆပ်ခဲ့လို့ပါပဲမွေးတဲ့အချိန်ကနေ သေတဲ့အထိနှစ်ပေါင်း လေးငါးဆယ်လောက်ပေးဆပ်ခဲ့တဲ့ မိဘ ကျေးဇူးတောင်မြင့်မိုရ်တောင်နဲနှိုင်းယှဉ်သေးတာပဲ

ဘုရားရှင် ပေးဆပ်ခဲ့တဲ့ ပေးဆပ်မူ့တွေက လေးအသချေ်နဲ့ကမ္ဘာတသိန်းတောင် ဆိုတော့ စဉ်းစားကြည့်ကြပေါ့ဘုရားရှင်က ငါဘုရားဖစ်ဖို့သတ္တဝါတွေအတွက် ပေးဆပ်ခဲ့တာသွေးတွှေလှူ ခဲ့တာတင် သမုဒ္ဒရာလေးစင်းထဲကရေထက်များတယ်

မျက်လုံးတွှေလှူတာ ကောင်းကင်က ကြည်တွေထက်များတယ် တဲ့ ဒါနပါရမီတခုတည်းတင် အဲဒီလောက်လှူခဲ့တာ ပါရမီဆယ်ပါးဖြည့်ကျင့်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့
အဲဒီလောက်ပေးဆပ်ခဲ့လို့လည်းရ ရှိခဲ့တဲ့အကျိုးကျေးဇူးတေဟာအများကြီးပါပဲ

ဗုဒ္ဓဘာသာဖြစ်ခွင့်ရတာဘယ်လောက်ထိကံကောင်းလှတယ်ဆိုတာ စဉ်းစားယုံနဲ့ သိနိုင်ပါတယ်အဲဒီလောက်ထိ ကြီးကျယ်ခမ်းနာတဲ့ဘာသာကို တန်ဘိုးမထားပဲတခြားဘာသာတွေလည်းအတူတူပဲ ဆိုပြီး ရင်ဘောင်တန်းချင်နေကြတာ တန်းညှိချင်နကြတာခင်ဗျားတို့ကို တခုမေးချင်တယ်လေးအသေချကမ္ဘာတသိန်းပေးဆပ်ခဲ့တဲ့ ဂေါတမဗုဒ္ဓ ကိုအားမနာ ကြဘူး လား