ဦးဇော်ဇော် ဦးစီးတဲ့ ဧရာဝတီ စင်တာကို ၁၀ သိန်း ပါဝင်ကူညီ လှူဒါန်းခဲ့တဲ့အဆိုတော် ဇော်ပိုင် မိသားစု








zawgyi

ဦးဇော်ဇော် ဦးစီးတဲ့ ဧရာဝတီ စင်တာကို ၁၀ သိန်း ပါဝင်ကူညီ လှူဒါန်းခဲ့တဲ့အဆိုတော် ဇော်ပိုင် မိသားစု

နိုင်ငံကျော်အဆိုတော် ဇော်ပိုင်ကတော့စတူဒီယိုခေတ်ကတည်းကနေယနေ့အချိန်ထိပရိသတ်တွေကြားလွှမ်းမိုးမှုရှိနေဆဲအဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဇော်ပိုင်ကနိုင်ငံကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်အနေ အထိုင်အေးဆေးတည်ငြိမ်သလို

ဇော်ပိုင်ရဲ့တစ်ဦးတည်းသောသားလေးဖြစ်တဲ့ ရွှေပိုင်ကလည်း အရွယ်လေးနဲ့မလိုက်အောင်ယဉ်ကျေးလိမ္မာလွန်းတာကြောင့်ပရိသတ်တွေကချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။ ဇော်ပိုင်တို့မိသားစုကတော့သားအမိသားအဖသုံးယောက်တည်းနဲ့ နွေးထွေးလုံခြုံတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာ ဖြစ်ပါတယ်။

နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့အဆိုတော် ဇော်ပိုင်က ကိုဗစ် ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းစဉ်များအတွက်တစ်ဖက်တစ်လမ်းကနေ ဖြည့်စွက်ကူညီနေလျက်ရှိပါတယ်။

ဒီတစ်ခေါက်မှာလည်း ဇော်ပိုင်တို့မိသားစုက ကိုဗစ်လူနာများကို ဆေးကုသမှုပေးနေတဲ့ ဧရာဝတီစင်တာကို ငွေကျပ်(၁၀) သိန်းတိတိလှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့ရပါတယ်။

ဇော်ပိုင်တို့မိသားစုကတော့လက်ရှိတစ်နိုင်ငံလုံး အတိုင် းအတာနဲ့ခံစားနေရတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးအတွက်တတ်နိုင်သလောက်လေးကူညီလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဇော်ပိုင်တို့မိသားစုရဲ့ကုသိုလ်လေးကိုဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။