အမှန်တကယ်ခက်ခဲပြီး အကူအညီလိုအပ်နေတဲ့နေရာတွေအား ကိုယ်တိုင်သွားရောက်ပြီးလှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေ (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အမှန်တကယ်ခက်ခဲပြီး အကူအညီလိုအပ်နေတဲ့နေရာတွေအား ကိုယ်တိုင်သွားရောက်ပြီးလှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေ

ပရိသတ်ရဲ့အချစ်တော် ပရဟိတမင်းသမီးခိုင်နှင်းဝေကတော့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာတည်ထောင်ကာ ကလေးတွေကိုစောင့်ရှောက်ပေးနေရုံမကလတ်တလောကိုဗစ်ကာလမှာ

အခက်အခဲရင်ဆိုင်နေရသူတွေကိုလည်း နေ့စဉ်နဲ့အမျှ သူတတ်နိုင်သလောက်လှူဒါန်းပေးနေပါတယ်။ မနေ့ကတော့ ကိုဗစ်ကာလအတွင်း ဆွမ်းအခက်အခဲကြောင့်ယာဂုဆွမ်းပဲဘုန်းပေးနေရတဲ့

သံဃာတော်နဲ့သီလရှင် အပါး(၁၀၀၀) အတွက် ဆန်၊ ဆီနဲ့စားသောက်ကုန်တွေလှူဒါန်းပေးခဲ့သလို ဒီနေ့မှာလည်းခက်ခဲနေတဲ့အိမ်ထောင်စု(၃၀၀) အတွက်စားသောက်ကုန်တွေ

လှူဒါန်းပေးခဲ့ပြန်ပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်၊ ပတ္တမြား(၁)လမ်း၊ အပိုင်း(၂၃) ရပ်ကွက်ရှိအိမ်ခြေ (၃၀၀)အား ဆန်၊ဆီ၊ ဆား၊ကုလားပဲ၊မြေပဲကြော်၊ကြက်ဥ၊ခေါက်ဆွဲခြောက်၊

ဆပ်ပြာကြမ်း၊ အမွှေးခဲ၊ Mask၊ ဘီစကစ်မုန့်တို့ အပြင် နို့မှုန့်မတတ်နိုင်တဲ့မိခင်နှင့် ကလေးများအတွက် Nature One နို့မှုန့် နှင့် ကလေးအသုံးဆောင် ပစ္စည်းများလှူဒါန်းပေးခဲ့တဲ့အပြင်အသီးအနှံတွေပါ

လှူဒါန်းပေးခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေကတော့ အသီးအနှံတွေချက်စားဖို့တောင် မီးသွေးဖိုးမရှိတာကြောင့် စုပေါင်းပြီး သီးစုံပဲကုလားဟင်းချက်တစ်အိမ်တစ်ခွက်ဝေငှစားခဲ့ကြကြောင်း

သိရပါတယ်။ ခိုင်နှင်းဝေကတော့ အလုပ်တွေမအားတဲ့ကြားက အောက်ခြေလူတန်းစား တကယ်ခက်ခဲနေတဲ့သူတွေထိရောက်အောင် ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ပြီးသူ့ရဲ့အလှူလေးကို

အလှူရှင်တွေသာမက ပရိသတ်တွေပါ ကြည်နူးသဒ္ဓါပွားစေဖို့ ပြန်လည်မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရဟိတမင်းသမီးတစ်လက်အနေနဲ့ ပြည်သူတွေခက်ခဲနေတဲ့အချိန်မှာ

အင်တိုက်အားတိုက်ကူညီပေးနေတဲ့ ခိုင်နှင်းဝေကတော့ တကယ်ကိုလေးစားစရာကောင်းတဲ့စံပြအနုပညာရှင်တစ်ယောက်ပါပဲ ပရိသတ်ကြီးရေ။ ခရက်ဒစ်

zawgyi









