ယနေ့ညနေမှာပင် ကွယ်လွန်သွားခဲ့ပြီဖြစ်သော နိုင်ငံကျော်တေးသံရှင် မီးမီးခဲ










zawgyi

ယနေ့မှာပင် ကွယ်လွန်သွားခဲ့ပြီဖြစ်သော နိုင်ငံကျော်တေးသံရှင် မီးမီးခဲ

နိုင်ငံကျော် တေးသံရှင် မီးမီးခဲဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့သီချင်းလေးတွေက ပရိသတ်တွေရဲ့ရင်ထဲမှာ အမြဲရှိပြီးပရိသတ်တွေကို

သူမရဲ့ ထူးခြားတဲ့အသံလေးနဲ့ ဆွဲဆောင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ လိဒ်ဂစ်တာသမားကြီး စောဘွဲ့မှူးရဲ့သမီးဖြစ်သူ မီးမီးခဲကတော့ဖခင်ဖြစ်သူရဲ့

ဂီတအမွေကို ကောင်းစွာဆက်ခံထားသူတစ်ယောက် ဖြစ်ပါတယ်။ မီးမီးခဲက သြစတေးလျနိုင်ငံမှာ အခြေချနေထိုင်ခဲ့တာဖြစ်ပြီး မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မီးမီးခဲကပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်က မြန်မာနိုင်ငံကို ပြန်လာပြီးသူမရဲ့ ပထမဦးဆုံးတစ်ကိုယ်တော်ရှိုးပွဲကိုကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မီးမီးခဲဟာ ၂၀၁၇ခုနှစ်ကတည်းကရင်သားကင်ဆာရောဂါကို

စတင်ခံစားခဲ့ရတာဖြစ်ပြီး အသက်ရှင်သန်ရေး အတွက် နည်းမျိုးစုံအောင် ကြိုးစားကုသခဲ့ရပါတယ်။ ရင်သားကင်ဆာဟာ ကျောရိုးထဲအထိ ပျံ့နှံ့ရောက်ရှိသွားတာကြောင့်အသက်ရှင်အောင်

ထိန်းချုပ်ထားခဲ့ရတာလို့လည်း ဆိုပါတယ်။ သူမခံစားနေရတဲ့ ကင်ဆာရောဂါ stage 4 ကို ရောက်ရှိနေတာကြောင့် ဖြတ်ထုတ်ပစ်လို့လည်းမရဘဲ ပိုဆိုးမလာအောင်ဘဲ ထိန်းထားခဲ့ရတာပါ။

ဒီကနေ့ အောက်တိုဘာလ ၁၆ရက်နေ့မှာတော့ မီးမီးခဲရဲ့ ခင်ပွန်းဟောင်းဖြစ်သူတေးသံရှင် ထူးအယ်လင်းမှ မီးမီးခဲကွယ်လွန်သွားပြီဖြစ်ကြောင်း ၄၏ဖေ့ဘွတ်စာမျက်နှာတွင်ဝမ်းနည်းကြောင်း

ဆုတောင်းစာ ရေးသားဖော်ပြခဲ့သည်။ တေးသံရှင် မီးမီးခဲက Australia time 9:31 pmမှာ ကွယ်လွန် သွားခဲ့တာဖြစ်ပါတယ်။ တေးသံရှင် မီးမီးခဲတစ်ယောက် ကောင်းရာသုကတိလားပါစေ ဆုတောင်းမေတ္တာပို့အပ်ပါတယ်။ ခရက်ဒစ်